ဆရာတော်ဦးဝီရသူကို နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ အရေးယူပေးဖို့ တရားရုံးကို ဦးတိုက် လျှောက် ထားလာတဲ့အပေါ် တရားရုံးက ဖမ်းဝရမ်းထုတ်ပေးလိုက်ပြီလို့ အနောက်ပိုင်းခရိုင်တရားရုံးရဲ့ သတင်းပြန်ကြားရေး အရာရှိ ဦးမင်းသန့်ကအတည်ပြု ပေးပါတယ်။
တရားလိုကတော့ ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားရုံး ကို ဦးတိုက်လျှောက်ထားခဲ့တာလို့ဆိုပါတယ်။
ပုဒ်မ ၁၂၄ (က) ဟာနိုင်ငံတော်ကိုအကြည်ညို ပျက်အောင်ပြု လုပ်တာနဲ့သက်ဆိုင်တဲ့ပုဒ်မလည်းဖြစ်ပြီး ပြစ်မှု ထင်ရှားရင်တော့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိချမှတ် နိုင်တဲ့ ပုဒ်မလည်းဖြစ်ပါတယ်။
ဒီပုဒ်မနဲ့တိုင်တန်းခံရရင် ရဲအရေးမပိုင်တဲ့ပုဒ်မတစ်ခုဖြစ်တာကြောင့် တရားရုံးက ဝရမ်းထုတ်ပေးမှသာ စွပ်စွဲခံရသူကို စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက မြိတ်မြို့မှာပြုလုပ်တဲ့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးထောက်ခံဆန္ဒပြပွဲတစ်ခုမှာ ဆရာတော်ဦးဝီရသူဟောပြောချက်အချို့ဟာ လူမှုကွန်ရက်မှာ ပျံနှံခဲ့ပြီးဝေဖန်မှုတွေရှိခဲ့တာပါ။
အဲဒီနောက် ဆရာတော်ဦးဝီရသူကို တရားစွဲနိုင်ဖို့အတွက် အမှုတည်ဆောက်နေတဲ့အကြောင်း သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့တာဝန်ရှိသူတွေကမကြာသေးမီရက်ပိုင်းတွေက ထုတ် ပြောထားတာလည်းရှိပါတယ်။
အခုလို တရားရုံးကို ဦးတိုက်လျှောက်ထားခံရတာနဲ့ပတ်သက်ပြီး ဆရာတော်ဝီရသူ ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
တရားရုံးက ဝရမ်းထုတ်လိုက်ပြီဆိုပေမယ့် ဆရာတော်ဦးဝီရသူ သီတင်းသုံးတဲ့ မစိုးရိမ်တိုက်သစ် ရှိရာ မဟာအောင်မြေ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ မဟာအောင်မြေရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က ဒီကနေ့ မနက်ပိုင်းအထိ သူတို့ဆီကို ဝရမ်းရောက်လာတာမရှိသလို တစ်စုံတစ်ရာအကြောင်းကြားလာတာ မျိုးလည်းမရှိဘူးလို့ဆိုပါတယ်။
ဆရာတော်ဦးဝီရသူကိုတော့ မနက်ဖြန် မေလ ၃၀ ရက်မှာ လာရောက်ပြီး သြဝါဒ ခံယူဖို့ ရန်ကုန်တိုင်းသံဃနာယက အဖွဲ့က အကြောင်းကြားထားတာလည်းရှိနေပါတယ်။
ဒီလိုသြဝါဒ ခံယူဖို့အတွက် မန္တလေးတိုင်း သာသနာရေးဦးစီးဌာနရဲ့ တာဝန်ရှိသူက ဆရာတော်ဦးဝီရသူ ဆီ ဖုန်းဆက်ပြီး လျှောက်ထားတဲ့ အသံဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံလာ ပါသေးတယ်။
သြဝါဒ ခံယူဖို့ အကြောင်းကြားထားတဲ့အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာ ဟောပြောခဲ့တဲ့ အကြောင်းအရာ အချို့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: https://www.facebook.com/7DayOnlineTV/
Twitter: https://twitter.com/7Day_TV
general news 2018 ဦးဝီရသူကို ဖမ်းဖို့ တရားရုံးက ဝရမ်း ထုတ်ပေးလိုက်ပြီ | |
473 Likes | 473 Dislikes |
81,762 views views | 245K followers |
News & Politics | Upload TimePublished on 29 May 2019 |
Related keywords
tv kanalları,7days to die wiki,7days lyrics,7 days to die mods,tv8 canlı izle,latest news nyc,general news latest,7 days to die map,tv canlı izle,latest news in nigeria,general news in newspaper,tv rehberi,tv askı aparatı,general news headlines,tv canlı,tv de spor,latest news on donald trump,latest news on puerto rico,general news example,latest news on r kelly,7 days in hell,latest news cnn,tvf,general news headlines today,tv canlı yayın,7days ru,general news uk,7 days from today,tv sehpası,7 days to die server,tv yayın akışı,7 days to die,tv100,general news today in english,latest news on wendy williams,latest news on amazon fire,7days,7 days to die cheats,latest news on immigration,general news in nigeria,general news india,latest news in guyana,latest news from israel,latest news on melvin gordon,latest news on daca,7 days to die commands,general news section,latest news on trump,general news of the day,general news service,7daysclothing,http://7daystodie.com,7days2die,latest news on iran,latest news on jennifer dulos,tv8 yayın akışı star,tv akışı,general news in english,general news in ghana,latest news on andrew luck,tv plus,7 days hair regrowth serum,tv üniteleri,latest news on ezekiel elliott,general news stories,general news in hindi,7 day weather,latest news india,latest news on david ortiz,tv ünitesi,tv2,general news in tamil,7days7nights,7 day detox,tv8,tv fiyatları,general news definition,general news meaning,7day forecast,
Không có nhận xét nào:
Đăng nhận xét